စစ်ကိုင်း ဇူလိုင် ၂၈
စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတန်းပေါင်းစုံဘတ်စကတ်ဘော (ကျား၊ မ)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ အာကစား ခန်းမတွင်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အေးသက်သက်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ၄ ချက် ရွတ်ဆိုကြသည်။
ထို့နောက် စစ်ကိုင်းပညာရေးတက္ကသိုလ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌမှ ဖူဆယ်ပြိုင်ပွဲအား ဖွင့်လှစ်ကြောင်း ကြေညာသည်။ စစ်ကိုင်းပညာရေးတက္ကသိုလ် အတန်းပေါင်စုံ ဘတ်စကတ်ဘောပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း အမျိုးသား(၅)သင်း၊ အမျိုးသမီး(၅)သင်း၊ စုစုပေါင်း အသင်း (၁၀)သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး (၄)ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နေလင်းအောင်