ကဝ ဇူလိုင် ၂၈
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်းရှိ အ-ထ-က(ကဝ)၊ အ-ထ-က(အုန်းနှဲ)ကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ယမန်နေ့ နံနက်(၆)နာရီအချိန်က ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူ(၉၂၆)ဦးတွင် (၂၈၀)ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
ကဝမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ-ထ-က(ကဝ)ကျောင်းနှင့် အ-ထ-က(အုန်းနှဲ) ကျောင်းစာစစ်ဌာန(၂)ခုတွင် ဝင်ရောက်ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းအား အ-ထ-က(ကဝ)၊ အ-ထ-က(အုန်းနှဲ)ကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ကြော်ငြာသင်ပုန်းများဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း ဖြေဆိုသူ (၁၁၄၆)ဦးတွင် အောင်ချက်ရာခိုင်နှုန်း ၃၀ ဒသမ ၂၄ ရာခိုင်နှုန်းဖြင့် စုစုပေါင်း (၂၈၀) ဦးအောင်မြင်ခဲ့ကြောင်း တစ်ဘာသာဂုဏ်ထူးရှင် (၂၁)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၃)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၅)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၁)ဦးနှင့် ရိုးရိုးအောင်(၂၄၀)ဦးတို့ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရဲဇော်ဟိန်း (ပြန်/ဆက်)