မုဒုံမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူ ၆၄ ဒဿမ ၄၆ အောင်ချက်ရာခိုင်နှုန်းဖြင့် ပြည်နယ်အဆင့် ဒုတိယရရှိ

မုဒုံ ဇူလိုင်

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ အောင်စာရင်းကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာရာ မွန်ပြည်နယ် မုဒုံမြို့နယ်ပညာရေးမှူးရုံးမှလည်း တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာပေးခဲ့သည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို ထုတ်ပြန်ကြေညာရာတွင် မုဒုံမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ကျောင်းတွင်းဖြေဆိုသူ ၁၁၄၈ ဦး နှင့် ပြင်ပဖြေဆိုသူ ၆၂ ဦး ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၁၀ ဦးအနက်မှ အောင်မြင်သူ ဦးရေစုစုပေါင်း ၇၈၀ ဦးရှိပြီး ခြောက်ဘာသာဂုဏ်ထူးရှင် () ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် () ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၁၁) ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၁၉) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၄၄) ဦးတစ်ဘာသာဂုဏ်ထူးရှင် (၇၀) ဦး စုစုပေါင်းဂုဏ်ထူးရရှိသူ(၁၅၆)ဦးရှိ၍ ဖြေဆိုသူ အောင်ချက်ရာခိုင်နှုန်း ဒဿမ ၄၆ ရာခိုင်နှုန်းဖြင့် မွန်ပြည်နယ်အတွင်း မုဒုံမြို့သည် အောင်ချက် ဒုတိယရရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရာမည (ပြန်/ဆက်)