ခရမ်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများ ထုတ်ပြန်

ခရမ်း ဇူလိုင် ၂၈

၂၀၂၄-‌၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယမန်နေ့ နံနက်ပိုင်းက စတင်၍ အခြေခံပညာကျောင်းများ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website မှတစ်ဆင့် ထုတ်ပြန်ကြေညာပေးလျက်ရှိရာ ရန်ကုန်တိုင်း‌ဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ခရမ်းမြို့နယ်တွင် ၂၀၂၄-‌၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဖြေဆိုသူ ကျား(၃၀၂)ဦး၊ မ(၃၉၆)ဦးစုစုပေါင်း (၆၉၈)ဦး ဖြေဆိုမှုတွင် အောင်မြင်သူ ကျား(၉၈)ဦး၊ မ(၂၀၂)ဦး စုစုပေါင်း(၃၀၀)ဦး ဖြေဆိုအောင်မြင်ကြပြီး ရာခိုင်နှုန်းအားဖြင့် (၄၂.၉၈) ဖြစ်သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ခရမ်းမြို့နယ်နယ်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများအနက်မှ တစ်ဘာသာဂုဏ်ထူးရှင်(၁၇)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၆)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၄)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၂)ဦး၊ စုစုပေါင်း (၂‌၉)ဦး ဂုဏ်ထူးရဘာသာဖြင့် အောင်မြင်ခဲ့ကြပြီး အောင်ချက်ရာခိုင်နှုန်းအားဖြင့် (၄၂.၉၈) ရှိကြောင်း မြို့နယ်ပညာရေးမှုးရုံးမှ သိရသည်။

ခရမ်း (ပြန်/ဆက်)