ပူတာအိုခရိုင်၌ ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (၃၃.၇၅) ရာခိုင်နှုန်းအောင်မြင်

ပူတာအို ဇူလိုင် ၂

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင် စာမေးပွဲ အောင်/ရှုံးစာရင်းကို ဇူလိုင်(၂၇)ရက်က  စာစစ်ဌာနကျောင်းများတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပြန်ကြေငြာလျက်ရှိရာ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၌ စာစစ်ဌာနသုံးခုတွင် အောင်ချက်ရာခိုင်နှုန်း(၃၃.၇၅)ရာခိုင်နှုန်း အောင်မြင်လျက်ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

ပူတာအိုစာစစ်ဌာနတွင် ဖြေဆိုသူ(၅၅၀)ဦးအနက် အောင်မြင်သူ(၁၈၆)ဦး၊ အောင်ချက်ရာခိုင်နှုန်း(၃၃.၈၂)ရာခိုင်နှုန်း၊ မချမ်းဘောစာစစ်ဌာနတွင် ဖြေဆိုသူ (၅၁)ဦးအနက် အောင်မြင်သူ(၂၂)ဦး၊ အောင်ချက် ရာခိုင်နှုန်း(၄၃.၁၄)ရာခိုင်နှုန်း၊ နောင်မွန်စာစစ်ဌာနတွင် ဖြေဆိုသူ(၄၂)ဦးအနက် အောင်မြင်သူ(၉)ဦး အောင်ချက်ရာခိုင်နှုန်း(၂၁.၄၃)ရာခိုင်နှုန်း အောင်မြင်လျက်ရှိရာ ပူတာအိုခရိုင်အနေဖြင့် ဖြေဆိုသူ(၆၄၃) ဦးအနက် အောင်မြင်သူ(၂၁၇)ဦးဖြစ်၍ အောင်ချက်ရာခိုင်နှုန်း(၃၃.၇၅)ရာခိုင်နှုန်းအောင်မြင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ပူတာအိုစာစစ်ဌာန၏ အောင်မြင်သူ(၁၈၆)ဦးတွင် တစ်ဘာသာဂုဏ်ထူးရှင်(၄၄)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၀)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၃)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၂)ဦး၊ မချမ်းဘောစာစစ်ဌာန၏ အောင်မြင်သူ(၂၂)ဦးတွင် တစ်ဘာသာဂုဏ်ထူးရှင်(၈)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၁)ဦးနှင့် နောင်မွန်စာစစ်ဌာန၏ အောင်မြင်သူ(၉)ဦးတွင် တစ်ဘာသာဂုဏ်ထူးရှင်(၁)ဦး အသီးသီးရရှိကြရာ ပူတာအိုခရိုင်အနေဖြင့် တစ်ဘာသာဂုဏ်ထူးရှင်(၅၃)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၁၁)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၃)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၂)ဦးရရှိခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပြန်/ဆက်)