ဘိုကလေးမြို့နယ်တွင် စားသုံးဆီ (၁) ပိဿာလျှင် (၄၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေး
Sep 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ပြည်သူများ သက်သာချောင်ချိစေရး၊ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့ကို ရည်ရွယ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှု၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့၏ စီစဉ်ဆောင်ရွက်မှု၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့၏ ပေါင်းစပ်ဆောင်ရွက်မှုတို့ဖြင့် ယနေ့ နေ့လယ် (၂) နာရီ အချိန်တွင် ဘိုကလေးမြို့၊ အမှတ်(၅)ရပ်ကွက်ရုံး၌ ရပ်ကွက်အတွင်းမှ ပြည်သူများအား ဘိုကလေးမြို့နယ်အတွင်းမှ ရွှေစင်အိကုန်စုံဆိုင်တို့မှ ဆီ(၁)ပိဿာလျှင် (၄၅၀၀) ကျပ်ဖြင့် ရောင်းချပေးခဲ့သည်။