သတင်းများ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က IESF World Championship 2023 ပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သည့် Team Myanmar Dota 2 အသင်းအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဂုဏ်ပြုကြိုဆို
Sep 08,2023
မြန်မာ့လက်ရွေးစင် .. Dota 2 အသင်း Team Myanmar သည် ရိုမေးနီးယားနိုင်ငံ၌ ဩဂုတ် ၂၆ ရက်မှ စက်တင်ဘာ ၃ ရက်နေ့အထိ နိုင်ငံပေါင်း ၁၁၄ နိုင်ငံ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် International Esports Federation (IESF) World Championship 2023 ပြိုင်ပွဲတွင် အဆင့်ဆင့်ပါဝင်ယှဉ်ပြိုင်ပြီး ဒုတိယဆုရရှိခဲ့သည်။
မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 08,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအပါအဝင် ထုတ်လုပ်မှု လျှော့ချရေးနှင့် အစားထိုးဖွင့်ဖြိုးရေး သုံးစွဲမှုလျော့ချရေးနှင့် နောက်ဆက်တွဲအန္တရာယ် လျှော့ချရေး မဟာဗျူဟာ (၂)ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရေးအတွက် မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ ၄ ရက် နံနက် (၁၁)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
နာဂဒေသတွင်ကျေးလက်လမ်းဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းသုံးပစ္စည်းများ ၀ယ်ယူရန် အိတ်ဖွင့်တင်ဒါစိစစ်ရွှေးချယ်
Sep 08,2023
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကျေးလက်လမ်းဖွံ့‌ဖြိုးရေးဦးစီးဌာန ခွင့်ပြရန်ပုံငွေဖြင့် နာဂဒေသအတွင်း ဆောင်ရွက်မည့် လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူခြင်းအတွက် အိတ်ဖွင့်တင်ဒါစိစစ်ရွေးချယ်ခြင်းကို ယမန်နေ့က နာဂဒေသစီမံအုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။
ညောင်တုန်းမြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ
Sep 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာ အောင်သင်း ရေးသားသော "ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ" စာအုပ်ဖြင့် ယနေ့ နံနက်ပိုင်းက စာဖတ်ဝိုင်း‌ ပြုလုပ်ကျင်းပခဲ့သည်။
ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့်အဖွဲ့ တောမကျေးရွာအုပ်စု မင်းကျေးရွာတွင် ဒေသဖွံ့ဖြိုးရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Sep 08,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကနှင့်အဖွဲ့သည် ယမန်နေ့ နံနက် (၁၀) နာရီက တောမကျေးရွာအုပ်စု မင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ငဖဲမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 08,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဝိုင်းမော်မြို့နယ်ပညာရေးငွေစုငွေချေး သမဝါယမအသင်းလီမီတက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား/သူများအား ဆုချီးမြှင့်ပွဲကျင်းပ
Sep 08,2023
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ပညာရေးသမဝါယမအသင်းလီမီတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ် ပညာရေးမှူးရုံး၊ အောင်မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ရာ သဘာပတိအဖြစ် မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအံ့ခိုင်မှ ဆောင်ရွက်ပြီး အဖွင့်နှုတ်ခွန်း ဆက်စကားပြောကြားခဲ့သည်။
မိုင်းခတ်မြို့နယ် ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၌ ကလေးများအား ရုပ်ပြပုံပြင်စာအုပ်များ ဖတ်ပြခြင်းနှင့် ဂိမ်းကစားပြိုင်ပွဲများ ပြုလုပ်ပေး
Sep 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စိတ်ပျော်ရွှင်ကြည်နူးစေရန်၊ စာကြည့်တိုက်ကိုအသုံးပြုတတ်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကလေးများအတွက် ဂိမ်းကစားခြင်းကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ပေး ခဲ့ကြောင်း သိရသည်။