မြေပုံ စက်တင်ဘာ ၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူ(ပြည်သူ)များသို့ ယမန်နေ့နံနက်(၈) နာရီအချိန်က အလယ်ပိုင်းရပ်ကွက်ရှိ ပြည်သူများသို့ စားသုံးဆီများ လက်လီရောင်း ချပေးလျက်ရှိသည်။
မြေပုံမြို့၌ Ageri One Trading Co., Ltd ကုပ္မဏီမှ စားသုံးသူများအား မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ကြီးကြပ်လျက် မြောက်ဦးခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ၊ မြေပုံမြို့နယ်စားသုံး ဆီရောင်းကိုယ်စားလှယ် ဦးသာထွန်းမှ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဆင်းရဲနွမ်းပါးပြည်သူများသို့ စားသုံးဆီ (၁) ပိဿာလျှင်(၄၈၀၀)ကျပ်နှုန်းဖြင့် ဆီ (၆၆၀) ပိဿာအား လက်လီဖြန့်ဖြူး ရောင်းချပေး လျက်ရှိကြောင်း သိရှိရသည်။
တင်ဝင်း (ပြန်/ဆက်)