ပေါင်းတည်၌နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပေါင်းတည် စက်တင်ဘာ  ၉

ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာ စာတတ် မြောက်ရေး နေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က အဖွင့်အမှာ စကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်နော်ဆဲပွယ်ဖောကိုယ်စား ဒုတိယမြို့နယ် ပညာရေးမှူး ဦးအာဂျူးက အမှာစကားပြောကြားရာ၌ နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးအတွက် နိုင်ငံသားအားလုံး စာတတ်မြောက်ရန်၊ ကျား၊ မ မရွေး တန်းတူစာသင်ယူမှု အခွင့်အလမ်းရှိသည်ကို သိရှိစေရန်၊ မြို့ပြနှင့်ကျေးလက်မခွဲခြားပဲ စာသင်ယူမှုအခွင့် အလမ်းတန်း တူရှိသည်ကိုသိရှိစေရန်၊ နိုင်ငံသားအားလုံး အနာဂတ်လှပဖို့ စာတတ်မြောက် အောင် သင်ကြားကြစေရန် ရည်ရွယ်၍ နှစ်စဉ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့်ပြိုင်ပွဲများကို ကျင်းပနေခြင်းဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက် ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းဆင့် စာစီစာကုံး၊ ကဗျာ ၊ပိုစတာနှင့်ပန်းချီပြိုင်ပွဲများမှ ဆုရကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲမျာစုစုပေါင်း ၁၀၀ဦးခန့် တက်ရောက်ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)