သတင်းများ

ခန္တီးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့်သရုပ်ပြပွဲ ပြုလုပ်
Sep 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်
Sep 09,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ (၂၄) ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အနုပညာရှင်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဆရာ၊ဆရာမများနှင့်  ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်များနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် သန်လျင်ရှိရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် လူငယ်သီတင်းပတ်ပွဲတော်တက်ရောက်အားပေးချီးမြှင့်
Sep 09,2023
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ လူငယ်သီတင်းပတ်ပွဲတော်အား ယမန်နေ့နံနက်တွင် ဆက်လက်ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်
ပြည်ခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံငွေများပေးအပ်
Sep 09,2023
ပဲခူးတိုင်ဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ရေဘေးသင်ပြည်သူများအား ပြည်ခရိုင် ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်ကော်မတီဝင်များက ယမန်နေ့မွန်လွဲပိုင်းတွင် ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊ ယွန်တန်းရပ်ကွက်၊ သရက်တောရပ်ကွက်၊ မင်းတဲကျွန်းကျေးရွာနှင့် ဇီကျွှန်းကျေးရွာများမှ ရေဘေးကယ်ဆယ်ရေး စခန်း (၅) ခု ပြောင်းရွှေ့နေရသော အိမ်ထောင်စု (၆၁) ခုမှ လူဦးရေ (၂၁၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၄၅၉၉၀၀) ကျပ်အား ထောက်ပံပေးအပ်ပြီး ပန်းတောင်းမြို့နယ် ထုံးဘိုအုပ်စုရှိ ခတ္တိယကျေးရွာ၊ ဖောင်းကန်ကျေးရွာ၊ ရွာသာယာကျေးရွာ၊ ဆင်တဲကျေးရွာတို့မှ ကယ်ဆယ်ရေးစခန်း (၃) ခုတွင် ပြောင်ရွှေ့နေရသော အိမ်ထောင်စု (၄၆) စုမှ လူဦးရေ (၁၇၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၃၆၇၅၀၀) ကျပ်တို့အား ထောက်ပံပေးအပ်ခဲ့သည်။
အမ်းခရိုင်၊ အမ်းမြို့နယ်၌ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village)မိတ်ဆက်ရှင်းလင်းခြင်းကျင်းပ
Sep 09,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ အမ်းမြောက်ကျေးရွာအုပ်စု၊ ဒိုင်ကြီးကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village)မိတ်ဆက်ရှင်းလင်းခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။  
ပုသိမ်ပညာရေးဒီဂရီကောလိပ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကျင်းပ
Sep 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ပုသိမ်ပညာရေး ဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ထားဝယ်မြို့တွင် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံအမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲ  အခမ်းအနားကျင်းပ
Sep 09,2023
ထားဝယ်မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၁၈)နှစ်အောက်အခြေခံပညာကျောင်းပေါင်းစုံအမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီး အားကစားကွင်း၌ကျင်းပသည်။
မြင်းခြံမြို့၌ လူသုံးကုန်နှင့်စားသုံးကုန်ပစ္စည်းများ ခွဲခြားရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Sep 09,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ လူသုံးကုန်နှင့်စားသုံးကုန်ပစ္စည်းများ ခွဲခြားရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ညနေ(၃:၃၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။