သတင်းများ

လှည်းကူးမြို့နယ်၌ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးစီး၍ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ဖောင်ကြီးအနောက်ကျေးရွာတွင် ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံကာ ကျေးရွာနေ ပြည်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူများအား စားသုံးဆီများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Sep 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ပြည်သူများအား စာသုံးဆီများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်ကြီးများနှင့် ဆီလုပ်ငန်းရှင်များ အသင်းက အမှတ် (၁၂၂) ရပ်ကွက်ရှိ ​မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ယမန်နေ့ နံနက်ပိုင်းက ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ရမ်းဗြဲမြို့၌ ဒေသခံပြည်သူများအား (ဒုတိယနေ့) စားသုံးဆီများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ
Sep 09,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၌ ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပဈေးနှုန်းထက်သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က စားသုံးဆီများကို သက်သာသော ဈေးနှုန်းများဖြင့် လာရောက်ရောင်းချပေးခဲ့သည်။
ပြည်တက္ကသိုလ်၏ လူငယ်သတင်းပတ်(Youth Week) အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး
Sep 09,2023
ပြည်တက္ကသိုလ်တွင် စက်တင်ဘာ ၄ ရက်မှ ၈ ရက်အထိကျင်းပခဲ့သော ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်သီတင်းပတ် (Youth Week) အခမ်းအနားကို ယနေ့နံနက်ပိုင်းက အောင်မြင်စွာကျင်းပပြီးမြောက်၍ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
မုဒုံမြို့၌ အမြဲတမ်းမသန်စွမ်းမှု ငွေလုံးငွေရင်း အကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်းအနားကျင်းပ
Sep 09,2023
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်တွင်ထိခိုက်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် အမြဲတမ်းမသန်စွမ်းမှုငွေလုံးငွေရင်း အကျိုးခံစားခွင့်ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက KANBAWZAX Microfinance Co:Ltd အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ဝေါမြို့နယ်၌ ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကျင်းပ
Sep 09,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ခန်းမတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံကာဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
၂ဝ၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ
Sep 09,2023
ကယားပြည်နယ် ၂ဝ၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
စဉ့်ကူးမြို့နယ်တွင် စားသုံးဆီ ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 09,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်တွင် စားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အတွင်းရှိ စားသုံးဆီရောင်းချသူများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။