ကာမိုင်း စက်တင်ဘာ ၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ပြည်သူများအားစာပေချစ်မြတ်နိုးစေရန်၊ စာဖတ်သည့်အလေ့အထ ရရှိစေရန်နှင့် စာပေမှအသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် လူငယ်နှင့် အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း စာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁) နာရီက ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့ပြန်/ဆက်တာဝန်ခံ ဒေါ်ရွှေဇင်ဦးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး ဒေါ်အေးအေးမြင့်က တာဝန်လိပ်ပြာသန့်မှု ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒေါ်မေစန္ဒာဖြိုးက မှားမှာကိုမကြောက်ပါနဲ့ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒေါ်ဝတ်ရည်အောင်က လူငယ်နှင့်အလှအပ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒေါ်သော်သော်ဇင်က မြန်မြန်ပြေးခြင်းခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးကြကာ တက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လဆိုင်း (ပြန်/ဆက်)