ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ လူငယ်သီတင်းပတ်အခမ်းအနား ကျင်းပ
Sep 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် လူငယ်သီတင်းပတ်နေ့အခမ်းအနားကို စက်တင်ဘာ ၆ ရက်နေ့နံနက် ၁၀ နာရီက LRC (3) ခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ) ဆရာမကြီးဒေါက်တာ ဒေါ်မင်းမင်းရီမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။