တံတားဦးမြို့နယ်တွင် ရေဘေးရှောင်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်
Sep 08,2023
မန္တလေးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တံတားဦးမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီ မြစ်ရေဝင်ရောက်မှုကြောင့် နေအိမ်ပြောင်းရွှေ့နေထိုင်ရသည့် ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဘိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ အမှတ်(၂) ရပ်ကွက် ဆုံကုန်းရပ်ရှိ ချမ်းသာကြီးဆုတောင်ပြည့်ဘုရား ရင်ပြင်တော်ပေါ်၌ ကျင်းပကြောင်း သိရသည်။