သတင်းများ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း စစ်တွေတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရောက်
Sep 09,2023
နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုကို ကျင်းပဆောင်ရွက်လျက်ရှိရာ စစ်တွေတက္ကသိုလ်အနေဖြင့် ကာယဗလဖွံ့ဖြိုးရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ စစ်တွေတက္ကသိုလ်နှင့် ပြည်နယ်အားကစားနှင့်
မြင်းခြံမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေ့ပြောင်းနေထိုင်ရသော အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်
Sep 09,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေ့ပြောင်းနေထိုင်ရသော အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် (၃:၀၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
မအူပင်တက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ လူငယ်သတင်းပတ်အခမ်းအနားကျင်းပ
Sep 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်တက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ လူငယ်သီတင်းပတ်ပွဲတော် အခမ်းအနားများကို စက်တင်ဘာ ၅ ရက်နေ့မှစတင်ကာ စက်တင်ဘာ ၇ ရက်နေ့အထိ မအူပင်တက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမဆောင်တွင် ကျင်းပသည်။
ဥတ္တရသီရိမြို့နယ်၌ ပြည်သူများစျေးနှုန်းသက်သာစွာ ​ဆန်ဝယ်ယူနိုင်ရေးအတွက် ဆန်တစ်ပြည်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး
Sep 09,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စု၊  ဝက်စုကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် နေပြည်တော် MSME အသင်းတို့စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများ စျေးနှုန်းသက်သာစွာ ဆန်ဝယ်ယူနိုင်ရေးအတွက် ဆန်တစ်ပြည် ၂၅၀၀ ကျပ်နှုန်းဖြင့် ယမန်နေ့နံနက်ပိုင်းက ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ကျောင်းသားကျောင်းသူ လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်
Sep 09,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်းတို့ပူးပေါင်းပြီး ကျောင်းသားကျောင်းသူ လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) နှင့် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
Sep 09,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) နှင့် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီရေဘေးရှောင်စခန်းများသို့ ရောက်ရှိလာသည့် ရေဘေးရှောင်ပြည်သူ (၁၅၇) ဦးအား ထောက်ပံ့ငွေနှင့်လိုအပ်သော ပစ္စည်းများထောက်ပံ့
Sep 09,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်ခြင်းကြောင့် ရေဘေးရှောင်စခန်းများသို့ ရောက်ရှိလာသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ရေဘေးရှောင်စခန်းများသို့ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် အစားအစာများ၊ ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နမ့်စန်(တ)မြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းဆောင်ရွက်
Sep 09,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ် စာပေဝါသနာရှင်များအသင်း (Book Club) ၏ ပုံမှန်စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ နေ့လည် ၂ နာရီက ဆောင်ရွက်ခဲ့ရာ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် မြို့နယ်စာပေဝါသနာရှင်များအသင်း (Book Club) အဖွဲ့ဝင်များ၊ ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် စာဖတ်ပရိသတ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။