အင်းစိန်မြို့နယ်၌ Garde-9 ဘာသာရပ်မွမ်းမံသင်တန်း ဆင်းပွဲ ကျင်းပ

ရန်ကုန်  စက်တင်ဘာ  ၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ သင်ကြားသင်ယူမှု လုပ်ငန်းစဉ်များကို ပိုမို၍ သိရှိနားလည်စေရန်၊ သင်ရိုးသစ်များနှင့် ဆရာလမ်းညွှန်သစ်များကိုပိုမို၍ နားလည်ရန်၊ဆရာ့ အရည်အသွေးများပို၍ တိုးတက်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများမည်ကဲ့သို့ စစ်ဆေးအကဲ ဖြတ်ရမည်ကို ကျွမ်းကျင်စွာသိနားလည်ရန် ရည်ရွယ်၍ Garde-9 ဘာသာရပ်မွမ်းမံသင်တန်း ဆင်းပွဲကို စက်တင်ဘာ ၇ ရက်နေ့ ညနေ(၄)နာရီက အင်းစိန်မြို့နယ်၊ အမှတ်(၆)အခြေခံပညာ အထက်တန်း ကျောင်း၊ ပညာတံခွန်ခန်းမတွင် ကျင်းပသည်။

ကျင်းပရာတွင် အင်းစိန်မြို့နယ်၊ အခြေခံပညာဦးစီးဌာန၊ ဒုတိယမြို့နယ်ပညာရေးမှူးဒေါ်မိမိမော် က အမှာစကားပြောကြားသည်။ အဆိုပါသင်တန်းကို နည်းပြ(၁၀)ဦးက အင်းစိန်မြို့နယ်အတွင်းရှိ ကျောင်းများမှ ဆရာ၊ဆရာမ(၈၅)ဦးကို မြန်မာစာ၊ အင်္ဂလိစာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံ၊ ဂီတ၊ ပန်းချီ ဘာသာရပ်များကို စာတွေ့၊လက်တွေ့ သင်ကြားပို့ချခဲ့ပြီး သင်တန်းကာလမှာ(၆)ရက် တိုင်တိုင် ဖွင့်လှစ် သင်ကြားပို့ချခဲ့ကြောင်းသိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)