ကြံခင်း စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က အထိမ်းအမှတ်နေ့ပွဲများကျင်းပပေးခြင်းဖြင့် ကျောင်းသား/သူများ၏ မှတ်ဉာဏ်ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ပြီး၊ လေ့လာမှတ်သားတတ်သော အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားပါသည်။
ထို့နောက်စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင် ဦးအေးမြင့်အောင်(မိုးမြေသစ္စာ)နှင့် ဦးမျိုးဝင်း (ဆောင်းနတ်သျှင်) တို့က စာပေလေ့လာဖတ်ရှူခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများအားလည်းကောင်း၊ ကဗျာဆရာမနှင်းချယ်ရီ (ကြံခင်း) က လေ့လာမှတ်သားထိုက်သော အထိမ်းအမှတ်နေ့များနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောကြသည်။
ယင်းနောက် အသိပညာပေးနံရံကပ်စာစောင်ပြပွဲကျင်းပရာ (အ ထ က-၁) ကျောင်းမှ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာကြည့်ရှူကြကြောင်းနှင့် အဆိုပါအသိပညာပေးပွဲသို့ စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များ၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူ (၃၀) ဦးတက်ရောက်ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)