သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)ထိုးနှံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 14,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် အသက်(၉)နှစ်မှ (၁၂)နှစ်မကျော်သော မိန်းကလေး များအား စက်တင်ဘာလ(၁၈) ရက်နေ့မှ(၂၉)ရက်နေ့အထိ ကျောင်းအခြေပြုအစီအစဉ်ဖြင့် လည်းကောင်း၊ (၁၆)ရက်နေ့မှ(၂၇)ရက်နေ့အထိ ပြည်သူလူထုအခြေပြုအစီအစဉ်ဖြင့် လည်းကောင်း သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့၊ နံနက်(၁၀)နာရီအချိန်က ယင်းမာပင်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။