ဟင်္သာတမြို့နယ်၌ မိုးရာသီ ဘတ်စကက်‌ဘော အမျိုးသား၊ အမျိုးသမီး သင်တန်းဆင်းပွဲနှင့် ပြိုင်ပွဲဆု‌ ပေးပွဲကျင်းပ

ဟင်္သာတ စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပါင်းဖွင့်လှစ်ခဲ့သော မိုးရာသီ ဘတ်စကက်‌ဘော အမျိုးသား၊ အမျိုးသမီး သင်တန်းဆင်းနှင့် ပြိုင်ပွဲဆု‌ပေးပွဲအခမ်းအနားကို ယမန်နေ့ နေလယ် ၁ နာရီ အချိန်က မြို့နယ်မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြိုင်ပွဲဝင် အားကစားသမားများက ကွင်းအတွင်း‌နေရာယူကြပြီးနောက် ပထမဆုရ အမျိုးသမီးအသင်းအား ခရိုင်အမျိုးသမီးရေးရာနှင့် ခရိုင်မိခင်နှင့် ကလေးစောင့်စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခတ္တာထွန်းကလည်းကောင်း၊ ပထမဆုရ အမျိုးသား အသင်းအား ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့အဖွဲ့ဝင် ဦးမြင့်သိန်းမှလည်းကောင်း၊ ဒုတိယဆုရအမျိုးသား၊ အမျိုးသမီးအသင်းနှင့် အကောင်းဆုံးအား ကစားသမားဆုများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။

ယနေ့အခမ်းအနားတွင် မိုးရာသီ ဘတ်စကက်‌ဘော သင်တန်းသား၊ သင်တန်းသူ ၂၃၅ ဦးတို့မှ အောင်မြင်စွာသင်တန်းဆင်းခဲ့ကြပြီး ပြိုင်ပွဲများကိုဟင်္သာတ မြို့နယ်အတွင်းရှိ အလက‌၊ အထက‌‌၊ ကိုယ်ပိုင်ကျောင်းများမှ အမျိုးသားအသင်း ၉သင်း၊ အမျိုးသမီးအသင်း ၈ သင်းတို့ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြာင်း မြို့နယ်အားကစားမှူး ဒေါ်ဖြိုးစန္ဒာဝင်းထံမှ သိရသည်။

ခရိုင်ပြန်/ဆက်( ဟင်္သာတ )