မိုးညှင်း စက်တင်ဘာ ၁၄
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အကူသူနာပြု (ပြင်ပ) ကိုးလသင်တန်း ပထမအသုတ် သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာလ (၁၃) ရက် နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာလာမာမီးက အဆိုပါသင်တန်းဆင်းပွဲ နှင့်ပတ်သက်၍ သင်တန်းသား သင်တန်းသူများအား ဆုံးမဩဝါဒစကား ပြောကြားသည်။
ဆက်လက်၍ ဒုတိယသူနာပြုအုပ် ဒေါ်မိုးမိုးအေးက သင်တန်းသား သင်တန်းသူများအား ကိုးလသင်တန်းတွင် သင်ကြားပို့ချပေးရခြင်းနှင့်ပတ်သက်၍ နှုတ်ဆက်စကားပြောကြားကာ သင်တန်းသား သင်တန်းသူများအားလုံးကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက ထူးချွန်သည့် သင်တန်းသား သင်တန်းသူများကို ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ခဲ့ကြကြောင်း၊ အဆိုပါ ကိုးလသင်တန်းတွင် သင်တန်းသားသင်တန်းသူ စုစုပေါင်း (၄၃)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း