ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် Youth Club အဖွဲ့မှ စာဖတ်ဝိုင်းပြုလုပ်
Sep 15,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်များအသင်း (Youth Club) တို့ ပူးပေါင်း၍ ဘုန်းမြင့်သွေး (သုတေသီ) ရေးသားသည့် “အောင်မြင်ကြီးပွားရေးနှင့်ကိုယ်ရည်ကိုယ်သွေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။