ဒေးဒရဲ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဘုန်တော်ကြီးကျောင်းတိုက်များရှိ သာသနာ့နွယ်ဝင် ရဟန်း၊ သံဃာတော်၊ သီလရှင်များ ဆွမ်း၊ ဆွမ်းဟင်းများ ပြည့်စုံမျှတစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ဝါတွင်းကာလ လပြည့်၊ လကွယ် ဥပုသ်နေ့တိုင်း အရုဏ်ဆွမ်း ဆပ်ကပ်လောင်းလှူခြင်းကို ယနေ့ နံနက် (၄) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် စုပေါင်းလောင်းလှူခဲ့ကြောင်း သိရသည်။
အဆိုပါ လောင်းလှူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက မြို့ပေါ်နှင့် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်တိုက် စုစုပေါင်း (၂၇)ကျောင်းက ရဟန်း၊ သံဃာတော်၊ သီလရှင် စုစုပေါင်း (၄၃၆) ပါးအား ဆွမ်း၊ ဆွမ်းဟင်းများ ဆက်ကပ်လောင်းလှူခဲ့ ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ရဟန်း၊ သံဃာတော်များ သာသနာရေးဆိုင်ရာများကို မကြောင့်မကျ ကြိုးစား အားထုတ်နိုင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာ များ စုပေါင်း၍ ဝါတွင်းကာလ လပြည့်လကွယ်နေ့ တိုင်း အရုဏ်ဆွမ်း ဆပ်ကပ်လောင်းလှူခြင်း၊ ဝါဆိုသင်္ကန်းများ၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ် ပစ္စည်းများ လောင်းလှူခြင်းနှင့် ဘုန်းတော်ကြီးကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေဇာလင်း