မင်းကင်းမြို့၌ လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Sep 14,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) တို့ ပူးပေါင်း၍ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က မင်းကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာဒေါက်တာခင်မောင်ညို ရေးသားထားသည့် လူငယ်နှင့် အကောင်းဆုံးသော ဘဝကို တည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်းသိရသည်။