သတင်းများ

သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ဒေါ်သန်းတင်ခန်းမ၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ် ဆေး(HPV) ထိုးနှံနိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ်တွင် မိုးသည်းထန် မြစ်ရေကြီးနစ်မြုပ်မှုကြောင့် နေအိမ်(၂)လုံးပြိုကျပျက်စီး
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးသည်းထန်မြစ်ရေကြီး နစ်မြုပ်မှုကြောင့် စက်တင်ဘာလ ၁၂၊၁၃ ရက်နေ့များက နေအိမ်(၂)လုံးပြိုကျပျက်စီးခဲ့ရသည်။
စစ်ကိုင်းမြို့တွင် အထည်ဆေးရေးနှင့် ပန်းပုံရိုက်သင်တန်းဖွင့်ပွဲကျင်းပ
Sep 14,2023
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အထည်ဆေးရေးနှင့် ပန်းပုံရိုက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို စစ်ကိုင်းမြို့ ဟိုတယ်စစ်ကိုင်းအစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀း၀၀အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
ဟင်္သာတခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရေဝင်ဒေသများရှိ တိရိစ္ဆာန်များ အတွက် ဖြည့်စွက် အစာအိတ်များ ထောက်ပံ့ပေးအပ်
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေဖြင့် ရေဝင်ဒေသများရှိ တိရစ္ဆာန်မွေးမြူသူတောင်သူများအား တိရစ္ဆာန်အစာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာ၁၃ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာ အုပ်စု၊ အုန်းတောကျေးရွာရှိ အုန်းတောဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီက မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်၌ စစ်ဘေးရှောင် အိမ်ထောင်စု (၃၄) စုအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်
Sep 14,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌မော်မြို့နယ်၌၊ စစ်ဘေးရှောင် အိမ်ထောင်စု (၃၄) စုအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ညနေ (၄) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ဆမားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်၊၊
မုံရွာမြို့ကွေ့ကြီးနှင့် မြို့သစ်ရပ်ကွက်နေပြည်သူများအား စားသုံးဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချရောင်းပေး
Sep 14,2023
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ မုံရွာမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် မုံရွာမြို့၌ ရပ်ကွက်နေပြည်သူများအား စားသုံးဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချရောင်းပေးခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် စက်တင်ဘာ ၁၄ ရက်နံနက် ၁၀ နာရီက မုံရွာမြို့ ကွေ့ကြီးနှင့်မြို့သစ် ရပ်ကွက်များတွင် စစ်ကိုင်းတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း စားသုံးဆီလက်လီအရောင်းဈေးကားဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အင်္ဂပူမြို့တွင်အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်‌ အောက် မိန်းကလေးများအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်းလုပ်ငန်း (မြို့နယ်အဆင့်)လုပ်ငန်း ညှိနှိုင်း ဆွေးနွေးပွဲကျင်းပ
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂) နှစ် အောက်မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်း လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသ‌ရေး ဦးစီးဌာန၊ အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။