မြန်အောင်မြို့၊ အမှတ်(၁) ရပ်ကွက် မြန်အောင်တာမိုင် ၆/၃ အနီး ဧရာဝတီမြစ်ရေ ကျဆင်းချိန် ကမ်းပြိုမှုဖြစ်ပွား
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ၊ မြန်အောင်မြို့ အမှတ်(၁) ရပ်ကွက် မြန်အောင်တာမိုင် ၆/၃ အနီး ဧရာဝတီမြစ်ရေကျဆင်းချိန် မြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွား လျက်ရှိပြီး ကမ်းပြိုမှု ဖြစ်ပွားသောနေရာ၌ အလျား ပေ ၂၀ ခန့် မြေသားအက်ကြောင်းများ ဖြစ်ပေါ် လျက်ရှိရာ ယနေ့ နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီး အရာရှိ ဦးသိန်းဌေးတို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။