သတင်းများ

လားရှိုးမြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ
Sep 19,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က လားရှိုးမြို့  ပြည်ထောင်စုအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
ဟင်္သာတမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)စတင်ထိုးနှံပေး
Sep 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် အနာဂတ်မျိုးဆက်သစ်ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် ကျောင်းအခြေပြု အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) စတင်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းဆေးထိုးစုရပ်များတွင် စတင်ထိုးနှံပေးကြောင်း သိရသည်။
ရွှေတောင်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) စတင်ထိုးနှံ
Sep 19,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာအောင်မျိုးသန့် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အ.ထ.က (ရွှေတောင်) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းအား အသက် ၉ နှစ်မှ ၁၂ နှစ် မကျော်သော ကျောင်းသူလေးများကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ် အ.ထ.က ပေါက်တောကျောင်းတွင် (အသက် ၉ နှစ်မှ ၁၂ နှစ်)အတွင်းရှိ ကျောင်းသူများအား (HPV) သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးစတင်ထိုးနှံပေး
Sep 19,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် အ.ထ.က ပေါက်တောကျောင်းတွင် (အသက် ၉ နှစ်မှ ၁၂ နှစ်) အတွင်းရှိ ကျောင်းသူများအား (HPV) သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အဆိုပါကျောင်းသို့ သွားရောက်၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်၌ လူငယ်စကားဝိုင်းကျင်းပ
Sep 19,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ လူငယ်များဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်စွမ်းရည်တိုးတက်စေရန် လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ့်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က(ခွဲ) ဒန့်ဒလွန်ကျောင်း၌ ကျင်းပခဲ့သည်။
အုတ်တွင်းမြို့နယ်တွင် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေး
Sep 19,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း (၁-၉-၂၀၁၁)ရက်မှ (၃၁-၈-၂၀၂၄)ရက်အတွင်းမွေးဖွားသော အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မပြည့်မီကျောင်းသူများအား  ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်း၊ ပြည်သူအခြေပြုကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်များဖြင့် (HPV)သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို စက်တင်ဘာ ၁၈ ရက်မှစတင်၍ ထိုးနှံပေးလျက်ကြောင်း သိရသည်။
နမ့်ခမ်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးငယ်များအား ထောက်ပံ့‌‌ကြေး‌ငွေများ‌ ပေးအပ်လျှက်ရှိ
Sep 19,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ကိုယ်ဝန်ဆောင် မိခင်နှင့် နှစ်နှစ်အောက် ကလေးငယ်များအား အာဟာရ ဖွံ့ဖြိုးစေရေးအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန နမ့်ခမ်းမြို့နယ် လူမှုဝန်ထမ်းရုံးမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပထမသုံးလပတ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက သတ်မှတ်စုရပ် နေရာများတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
ပုသိမ်မြို့တွင် စာပေနှင့်သတင်းမီဒီယာဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲပြုလုပ်
Sep 19,2023
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော စာပေနှင့်သတင်းမီဒီယာဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ခရိုင်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။