လားရှိူး စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က လားရှိုးမြို့ ပြည်ထောင်စုအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ လားရှိုးမြို့နယ်စီမံအုပ်ချုပ်အဖွဲ့မှ ဗိုလ်မှူးဇော်လင်းထွန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးလှိုင်ဝင်းထွန်းက အားကစားပြိုင်ပွဲများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အခြေခံပညာကျောင်းပေါင်းစုံအားကစားပြိုင်ပွဲတွင် ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲသို့ လားရှိုးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၄၀ ကျော် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း ( လားရှိုး )