ရေတာရှည်မြို့နယ်တွင် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) စတင်ထိုးနှံ
Sep 19,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ အသက် (၉) နှစ်မှ (၁၂) နှစ်အတွင်းရှိ မိန်းကလေးငယ်များအား ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်း၊ ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်များဖြင့် (HPV) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ရာ ယမန်နေ့က စတင်၍ ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။