နမ့်ခမ်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးငယ်များအား ထောက်ပံ့‌‌ကြေး‌ငွေများ‌ ပေးအပ်လျှက်ရှိ

နမ့်ခမ်း စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ကိုယ်ဝန်ဆောင် မိခင်နှင့် နှစ်နှစ်အောက် ကလေးငယ်များအား အာဟာရ ဖွံ့ဖြိုးစေရေးအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန နမ့်ခမ်းမြို့နယ် လူမှုဝန်ထမ်းရုံးမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပထမသုံးလပတ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက သတ်မှတ်စုရပ် နေရာများတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို‌သို့ထောက်ပံ့‌ပေးရာတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်‌ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များရှိ သတ်မှတ်စုရပ်များတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

နမ့်ခမ်းမြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့်နှစ်နှစ်အောက် ကလေးငယ်များအား ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်ပထမ သုံးလပတ်(ဧပြီ၊ မေ၊ ဇွန်လ)များ အတွက် ကိုယ်ဝန်ဆောင်မိခင် (၄၁၈)ဦးနှင့် အသက်နှစ်နှစ်အောက် ကလေးသူငယ်(၆၂၁)ဦးတို့အား တစ်ဦးလျှင် (၁၅,၀၀၀)ကျပ်နှုန်းထားဖြင့် သုံးလစာအတွက် တစ်ဦးလျှင် (၄၅,၀၀၀)ကျပ် စုစုပေါင်း ငွေကျပ်(၄၅,၆၁၅,၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

ထက်မြက်(နမ့်ခမ်းပြန်/ဆက်)