တိုင်းရင်းဆေးပညာဖြင့် သွေးတိုးရောဂါကာကွယ်/ကုသရေး အသိပညာပေး Talk Show ပြုလုပ်
Sep 19,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ သွေးတိုးရောဂါနှင့် တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေး Talk Show ကို၊ ယမန်နေ့ နံနက်(၁၀:၃၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။