အုတ်တွင်း စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း (၁-၉-၂၀၁၁)ရက်မှ (၃၁-၈-၂၀၂၄)ရက်အတွင်းမွေးဖွားသော အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မပြည့်မီကျောင်းသူများအား ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်း၊ ပြည်သူအခြေပြုကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်များဖြင့် (HPV)သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို စက်တင်ဘာ ၁၈ ရက်မှစတင်၍ ထိုးနှံပေးလျက်ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်အတွင်း ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်းကို ကျောင်းပေါင်း ၁၆၈ ကျောင်း ကျောင်းသူဦးရေ ၄၀၇၆ ဦးအား ထိုးနှံပေးသွားမည်ဖြစ်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ယနေ့တွင် ကြက်သွန်ခင်း(၁)ရပ်ကွက် အ.မ.က(မူလွန်)ကျောင်းနှင့် ဈေးရပ်ကွက် အ.လ.က(ခွဲ)ကျောင်းတို့၌ ထိုးနှံပေးခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှပါဝင်ကူညီဆောင် ရွက်ပေးသည်။
သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)(တစ်ကြိမ်)ထိုးနှံခြင်းကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် စက်တင်ဘာ(၁၈)ရက်မှစ၍ စက်တင်ဘာ(၂၉)ရက်အထိ ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်း၊ အောက်တိုဘာ(၁၆)ရက်မှ အောက်တိုဘာလ(၂၇)ရက်အထိ ပြည်သူအခြေပြုကာကွယ်ဆေးထိုးနှံခြင်းတို့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
အေမင်းရည်စော(ပြန်/ဆက်)