သတင်းများ

ကန်ကြီးထောင့်မြို့နယ်တွင် မြစ်ရေဝင်ကျေးရွာအုပ်စုများသို့ တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဖြန့်ဖြူးသော တိရိစ္ဆာန်အစာနုအိတ်များ ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Sep 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြစ်ရေဝင်ကျေးရွာအုပ်စုများသို့ တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဖြန့်ဖြူးသော တိရိစ္ဆာန်အစာနုအိတ်များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 19,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Sep 19,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့တော်ခန်းမ၌ ကျင်းပသည်။
ဟင်္သာတမြို့နယ်တွင် လူငယ်များ ဗလငါးတန်ပြည့်စုံစေရန် လူငယ်စကားဝိုင်း ကျင်းပ
Sep 19,2023
လူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဋ္ဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဟင်္သာခန်းမတွင် ယနေ့နံနက် (၉)နာရီခွဲတွင် ကျင်းပခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကလေးသူငယ်များ သဘာဝဘေးအန္တရာယ်လျှော့ချရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကလေးသူငယ်များ သဘာဘေးအန္တရာယ်လျှော့ချရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ခနောင်တိုအရှေ့ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-ခနောင်တို) ခန်းမတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ကျောင်းအခြေပြု အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသူများအား အမျိုးသမီး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Sep 19,2023
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကျောင်းအခြေပြု အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်းရှိ အမျိုးသမီးသားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဆိပ်ဖြူ(အ.ထ.က)ကျောင်း နဝရတ်ခန်းမ၌ ကျင်းပသည်။
ကော့မှူးတွင် အားကစားနှင့်လူငယ်ရေးရာအကြောင်း အသိပညာပေးဟောပြော
Sep 19,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၈ ရက်မွန်းလွဲ ၁ နာရီ ၃၀ က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က‌ (ကော့မှူး) ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော သိမှတ်ဖွယ်ရာဗဟုသုတအဖြာဖြာ(၂၀၂၃) ထွက်ပြီ
Sep 19,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေသည့် “သိမှတ်ဖွယ်ရာဗဟုသုတ အဖြာဖြာ(၂၀၂၃)စာအုပ်”ကို ပြည်သူများအသိဉာဏ်ဗဟုသုတပြည့်စုံစေရန်၊ မြန်မာလူငယ် လူရွယ်များ ပညာစွမ်းရည်ပြည့်ဝစေရန်၊ သင်တန်းဝင်ခွင့်စာမေးပွဲများဖြေဆိုရာတွင် အထောက်အကူဖြစ်စေရန်နှင့် သိလိုသည့်အချက်အလက်များကို တစ်စုတစ်စည်းတည်း ရှာဖွေသိရှိနိုင်စေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၌ ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။