သတင်းများ

ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား လူငယ်အသိပညာပေး ဆောင်ရွက်
Sep 19,2023
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁ဝနာရီက သံဇလုံကျေးရွာ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်သည်။
ပိုင်ကျုံမြို့ အ-ထ-က‌ နောင်ဘိုကြီးကျောင်း၌ လူငယ်‌ရေးရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Sep 19,2023
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၌ ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည် မြှင့်တင်စေရေးနှင့်အသိပညာဗဟုသုတ ပိုမိုရရှိစေရန်အတွက် အ-ထ-က‌နောင်ဘိုကြီးကျောင်း၌ ယမန်နေ့က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
လဲချားမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေး
Sep 19,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင်  သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး အသိပညာပေးဟောပြောပွဲနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၈)နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(လဲချား)တွင် ပြုလုပ်ခဲ့ပါသည်။
မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library  Bus ဖြင့် ဌာနဆိုင်ရာများ/ ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Sep 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများစာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရေးတို့အတွက် (Mobile Library  Bus) ဖြင့် ယမန်နေ့နံနက်က ခရိုင်စိုက်ပျိုးရေးရုံး၊ စာရင်းစစ်ရုံး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လေ့ကျင့်ရေးအလယ်တန်းကျောင်းနှင့် အမှတ်(၁)ရပ်ကွက်သို့ သုတ/ ရသ စာအုပ်စာစောင် မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။  
ကွမ်းခြံကုန်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Sep 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကိုယမန်နေ့က အ-ထ-က (၁) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည် ။
ခရမ်းမြို့တွင် (HPV) သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ကျောင်းသူလေးများအား ထိုးနှံခြင်းလုပ်ငန်း စတင်ဆောင်ရွက်
Sep 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် (HPV) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က ၁ ကျောင်းခန်းမ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမများက အသက် ၉ နှစ် ပြည့်ပြီး၊ ၁၂ နှစ် မကျော်သော ကျောင်းသူလေးများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဓနုဖြူမြို့နယ်၌ စားသုံးဆီများစျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Sep 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေး လုပ်ငန်းအဖွဲ့မှ စားသုံးဆီများစျေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက အမှတ်(၁၈)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအနီး နဝရတ်မိသားစုအရှေ့တွင် ရောင်းချပေးခဲ့သည်။
မိုင်းယောင်းမြို့နယ်၌ ဒေသနွား(နွားပြာစိမ်း)များ လွှဲပြောင်းပေးအပ်
Sep 19,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု ပုံချို(ဝေး)ကျေးရွာ၌ ယမန်နေ့က ဒေသနွား(နွားပြာစိမ်း)များ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။