တိုက်ကြီးမြို့နယ်တွင် လူငယ်များဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်းကျင်းပ
Sep 19,2023
လူငယ်များအသိပညာဗဟုသုတများ ပိုမိုတိုးတက်ရရှိစေရန် ၊ စကားပြောအတတ်ပညာများ တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝင့်စွာပြောဆိုတတ်စေရန်နှင့် လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး ရင်းနှီးခင်မင်စွာပူးပေါင်းနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်တို့ကိုရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (တိုက်ကြီး) အနော်ရထာခန်းမ၌ ကျင်းပသည်။