သတင်းများ

ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေး
Jul 29,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့သည်။
ထန်းတပင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်း (၅၀.၉၂)ရာခိုင်နှုန်းရှိ
Jul 29,2025
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ဇူလိုင် (၂၇)ရက် နံနက်ပိုင်းမှစတင်၍တွင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ပညာရေးမှူးရုံး၊ အ.ထ.က(ထန်းတပင်)၊ အ.ထ.က(ကျူတော)နှင့်အ.ထ.က(လှည်းဆိပ်) တို့တွင်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ရာ ထန်းတပင်မြို့နယ်အနေဖြင့် အောင်မြင်သည့်ရာခိုင်နှုန်း (၅၀.၉၂) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဘုတ်ပြင်းမြို့၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Jul 29,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာအသိပညာ‌ပေးဟောပြောပွဲကို ဇူလိုင်လ ၂၈ ရက်နေ့က အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု ကရိုင်တိုင်ကျေးရွာ အမက-၂၂၄ ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
‌ဇေယျာသီရိမြို့နယ်၌ တစ်နှစ်သုံးသီး၊ သီးနှံစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နည်းပညာပေးဆွေးနွေး
Jul 29,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ တစ်နှစ်သုံးသီး၊ သီးနှံစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ‌ကြို့ပင်ကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
မြို့သစ်မြို့နယ် စိုက်ပျိုးပညာပေးရေးဦးစီးဌာန၌ ဒေသဖွံ့ဖြိုးရေးနှင့် တောင်သူနည်းပညာပေးသင်တန်းဖွင့်
Jul 29,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊၊ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှုးကျင်းပသည့် တောင်သူနည်းပညာသင်တန်းကို မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသင်တန်းခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ကလောမြို့၌ ချောင်းရေမြင့်တက်ခဲ့ရာမှ ရေများပြန်လည်ကျဆင်းသွား၍ စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်
Jul 29,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့၌ ဇူလိုင် ၂၆ ရက် ညပိုင်းမှစ၍ မိုးအဆက်မပြတ်ရွာသွန်းပြီး  ဇူလိုင် ၂၈ ရက် နံနက်ပိုင်းမှ စတင်၍ လူနေအိမ်များနှင့် ဌာနဆိုင်ရာရုံးများသို့ ရေများဝင်ရောက်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ချောင်းရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်၍ က‌လောခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာ‌ရေးဌာနတို့ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ အသိပညာပေး ဟောပြော
Jul 29,2025
ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌  ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၂၇ ရက်နေ့က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းတွင် ပြုလုပ်သည်။
လေးမျက်နှာမြို့နယ် အ.ထ.က ခမောက်စုကျောင်းတွင် လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းပြုလုပ်
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ အ.ထ.က ခမောက်စုကျောင်းတွင် ကျောင်းသားလူငယ်များ အသိပညာတိုးပွားစေရေး၊ ဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဟုသုတရရှိစေမည့် စာအုပ်စာပေများ ဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ကျင်းပခဲ့သည်။