သတင်းများ

ဖျာပုံမြို့၌ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့် ရာသီဥတု အညွှန်းကိန်းအခြေပြု သီးနှံအာမခံထားရှိခြင်းဆိုင်ရာ ဆွေးနွေး
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ခြင်းနှင့် ရာသီဥတုအညွှန်းကိန်းအခြေပြုသီးနှံအာမခံထားရှိခြင်း ဆိုင်ရာဆွေးနွေးပွဲကို ဇူလိုင်လ(၂၉)ရက်နေ့ နံနက်(၉)နာရီအချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကံမမြို့နယ် ဝဲကြီးကျေးရွာအုပ်စုမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး
Jul 29,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅- ခုနှစ်  မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို  မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၁) အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီက ဝဲကြီးကျေးရွာအုပ်စုမှ တောင်သူ (၁၃၇) ဦးတို့၏  မိုးစပါးစိုက်ဧက (၄၁၈) ဧကအတွက်  မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ (၆၂၇) သိန်းအား ထုတ်ပေးခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်ကွင်းဆင်း ဆောင်ရွက်
Jul 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇူလိုင်လ (၂၆) ရက်နေ့က အမှတ် (၄) အခြေခံပညာမူလတန်း ကျောင်းတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မအူပင်မြို့၌ ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ e- Government လုပ်ငန်းဆောင်ရွက်မှုများနှင့် အသုံးပြုလျက်ရှိသော Website များအား ဆိုက်ဘာတိုက်ခိုက်မှုမဖြစ်ပေါ်စေရေး၊ လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး၊ စစ်ဆေးရေးနှင့် အသိပညာပေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ e- Government လုပ်ငန်းဆောင်ရွက်မှုများနှင့် အသုံးပြုလျက်ရှိသော Website များအား ဆိုက်ဘာတိုက်ခိုက်မှုမဖြစ်ပေါ်စေရေး၊ လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး၊ စစ်ဆေးရေးနှင့် အသိပညာပေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံစာကြည့်တိုက်ပညာ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Jul 29,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ဖွင့်လှစ်သည့် အခြေခံစာကြည့်တိုက်ပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယ​နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။
သရက်မြို့နယ် ထုံးတောင်ကျေးရွာ၌ မိုးပဲတီစိမ်း အကွက်ကျယ် စံကွက်(၀.၁၀)ဧက ရိတ်သိမ်းပွဲ ဆောင်ရွက်
Jul 29,2025
မကွေးတိုင်းဒေသကြီး၊ နယ်ထုံးတောင်အုပ်စု၊ ထုံးတောင်ကျေးရွာ၌ မိုးပဲတီစိမ်းအကွက်ကျယ် စံကွက် (၀.၁၀) ဧက ရိတ်သိမ်းပွဲဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၉) နာရီက ကွင်းအမှတ် (၇၃) ဦးပိုင် (၁၀၄)၊ တောင်သူ ဦးမင်းဇော်၏ ယာမြေ (၅.၀၀) ဧကတွင် မိုးပဲတီစိမ်း (ရေဆင်း-၁၄) မျိုးသန့်စိုက်ခင်း၌ ဆောင်ရွက်ခဲ့သည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပွဲကျင်းပ
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ-ထ-က(ရွှေသောင်ယံ)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါစာသင်ကျောင်း၏ ချယ်ရီဆောင်တွင် ကျောင်းကော်မတီများ ကျောင်းသားမိဘများစုံညီစွာဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရွှေဘိုတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်​ကျော်ခြင်း ပြိုင်ပွဲဆု​ချီးမြှင့်ပွဲကျင်းပ
Jul 29,2025
ရွှေဘိုတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ဘာသာရပ်ပေါင်းစုံ အမျိုးသား​ပိုက်​ကျော်ခြင်း ပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယမန်နေ့ည​နေ ၃ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ​အားကစားရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။