ကျိုင်းတုံ ဇူလိုင် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၂၇ ရက်နေ့က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းတွင် ပြုလုပ်သည်။
ဟောပြောပွဲတွင် ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုးက Social Media Website Application များစသည့်နည်းပညာများ အသုံးပြု၍ အုပ်စုဖွဲ့ငွေကြေးလိမ်လည်မှုဖြစ်စဉ်များအကြောင်း၊ ဆက်သွယ်ရေးလိမ်လည်မှုဖြစ်စဉ်များနှင့် ပတ်သတ်၍ သက်ဆိုင်တာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်မြန်ဆန်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် သိရှိရှောင်ရှားနိုင်ရန်နှင့် သတိပြုဆင်ခြင်နိုင်ရန်စသည့် အကြောင်းအရာများကို အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ သင်တန်းသူများအား အသိပညာပေးဟောပြောသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)