ထန်းတပင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်း (၅၀.၉၂)ရာခိုင်နှုန်းရှိ

ထန်းတပင်(ရန်ကုန်) ဇူလိုင် ၂၉

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ဇူလိုင် (၂၇)ရက် နံနက်ပိုင်းမှစတင်၍တွင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ပညာရေးမှူးရုံး၊ အ.ထ.က(ထန်းတပင်)၊ အ.ထ.က(ကျူတော)နှင့်အ.ထ.က(လှည်းဆိပ်) တို့တွင်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ရာ ထန်းတပင်မြို့နယ်အနေဖြင့် အောင်မြင်သည့်ရာခိုင်နှုန်း (၅၀.၉၂) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထန်းတပင်မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က (ထန်းတပင်)စာစစ်ဌာန၊ အ.ထ.က(ကျူတော)စာစစ်ဌာနနှင့် အ.ထ.က(လှည်းဆိပ်) စာစစ်ဌာနသုံးခုတို့တွင် ကျင်းပပြုလုပ်ခဲ့ကြပြီး စာစစ်ဌာနသုံးခုတို့တွင် ဝင်ရောက်ဖြေဆိုသည့်ဦးရေ(၇၀၇)ဦးတို့တွင် တစ်ဘာသာဂုဏ်ထူးရှင် (၂၂)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၉)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၃၁၈)ဦး စုစုပေါင်းဂုဏ်ထူးရရှိသူနှင့် ရိုးရိုးအောင်မြင်သူ (၃၆၀)ဦးရှိကာ အောင်မြင်သည့်ရာခိုင်နှုန်းအနေဖြင့် (၅၀.၉၂)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ဇင်မင်းထိုက် (ထန်းတပင်)