မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း(Grade 12)စာမေးပွဲ အောင်စာရင်းထုတ်ပြန်ကြေညာ
Jul 29,2025
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း(Grade 12) စာမေးပွဲအောင် မြင်သူစာရင်းများအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့ နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ဇူလိုင်လ (၂၇)ရက်နေ့ နံနက်(၄)နာရီက စတင်၍ထုတ်ပြန်လျက်ရှိရာ မြစ်သားမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား မိဘများကလာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။