သတင်းများ

ထားဝယ်မြို့၌ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား Unique Indentity ကတ်ပြားဆောင်ရွက်ပေးလျက်ရှိ
Jul 29,2025
နိုင်ငံတော်၏တာဝန်ထမ်းဆောင်ခဲ့သည့်နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာထုတ်ပေးရာတွင် လိုအပ်လျက်ရှိသည့် UID(Unique  Indentity)  ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက  ယနေ့နံနက်ပိုင်း က ထားဝယ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိသည်။
မြစ်သားမြို့နယ်ရှိ ငလျင်ဘေးသင့်အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းနှင့်ဆန်ရိက္ခာဖိုးငွေပေးအပ်
Jul 29,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ၂၀၂၅ခုနှစ် မတ် ၂၈ရက်က မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်သည့်အိမ်ထောင်စုများအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေနှင့်ဆန်ဖိုးငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ကြောင်းသိရသည်။
ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌ လူနာများအား အခမဲ့ကုသပေး
Jul 29,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်ရှိပှု ပါမောက္ခဒေါက်တာသန်းလွင် (အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ဇူလိုင် ၂၆ ရက်နေ့ နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသော ရဟန်းရှင်/လူ လူနာ(၁၅၀)ဦးကျော်အား အခမဲ့ကုသပေးခဲ့သည်။
ပြည်မြို့နယ်ရှိ စာစစ်ဌာန (၅) ခု၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jul 29,2025
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ရာ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နယ်ရှိ စာစစ်ဌာန(၅)ခုမှ ကျောင်းတွင်းဖြေနှင့် ကျောင်းပြင်ပဖြေဆိုသူ စုစုပေါင်း ၁၅၆၈ ဦးအနက် ၅၃၉ ဦး အောင်မြင်ခဲ့၍ အောင်မြင်မှုရာခိုင်နှုန်း ၃၄ဒသမ ၃၈ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တပ်ကုန်းမြို့နယ်၌ တစ်နှစ်သုံးသီးစား သီးနှံစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေး
Jul 29,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်၌ တစ်နှစ်သုံးသီးစား သီးနှံစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နည်းပညာပေးဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ရှောက်ကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
သန်လျင်ခရိုင်အတွင်းရှိ သမဝါယမအသင်းသား တောင်သူများသို့ သွင်းအားစုပေးအပ်ပွဲနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မိုးစပါးစိုက်ပျိုးသည့် တောင်သူများသို့ ဓာတ်မြေဩဇာ၊ မျိုးစေ့ချကိရိယာ (Seeder)၊ ဆိုလာ (၂) ချပ်တွဲ (၆) လက်မရေတင်ပန့်နှင့် ဆိုလာ (၁၄) ချပ်တွဲ အနိမ
Jul 29,2025
ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး နိုင်ငံ့စီးပွားမြင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့် သန်လျင်ခရိုင်အတွင်းရှိ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွ မြို့နယ်နှင့် ခရမ်းမြို့နယ်ရှိ သမဝါယမအသင်းသား တောင်သူများသို့ သွင်းအားစုပေးအပ်ပွဲနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မိုးစပါးစိုက်ပျိုးသည့် တောင်သူများသို့ ဓာတ်မြေဩဇာ၊ မျိုးစေ့ချကိရိယာ (Seeder)၊ ဆိုလာ(၂)ချပ်တွဲ (၆) လက်မ ရေတင်ပန့်နှင့် ဆိုလာ(၁၄)ချပ်တွဲ အနိမ့်တင်ရေတင်စက် ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ သီဟဒီပအားကစားကွင်းတွင် ကျင်းပသည်။
တာချီလိတ်မြို့ ရေပြန်လည်ကျဆင်းသွားသည့်နေရာများ စုပေါင်းသန့်ရှင်းဆောင်ရွက်
Jul 29,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ရေပြန်လည် ကျဆင်းသွားသည့် မြို့ပေါ်ရပ်ကွက်များတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများနှင့် ရေဘေးသင့်ပြည်သူများအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူတို့ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခေတ်မီဆန်စက်ကြီးများတွင် ဆိုလာစွမ်းအင် တိုးမြှင့်ထုတ်လုပ်သုံးစွဲနိုင်ရေး ရှင်းလင်းဆွေးနွေးပွဲနှင့် ရွှေဝါရောင်ဆန်စက်တွင် ဆိုလာစွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်သုံးစွဲခြင်းဖွင့်ပွဲ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Jul 29,2025
ပို့ကုန်တင်ပို့မှုအတွက် ကြိတ်ခွဲထုတ်လုပ်နေသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခေတ်မီဆန်စက်ကြီးများတွင် ဆိုလာစွမ်းအင်တိုးမြှင့်ထုတ်လုပ်သုံးစွဲနိုင်ရေး ရှင်းလင်းဆွေးနွေးပွဲနှင့် ရွှေဝါရောင်ဆန်စက်တွင် ဆိုလာစွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်သုံးစွဲခြင်းဖွင့်ပွဲ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ရွှေဝါရောင်ဆန်စက်တွင် ကျင်းပသည်။