သတင်းများ

ကြံခင်းမြို့နယ်ရုံး လူထုအ​ခြေပြုဗဟိုဌာနတွင် Fitness Dance သင်းတန်းဖွင့်လှစ်
Apr 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၈ နာရီအချိန်က အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်ပူးပေါင်း၍ Fitness Dance သင်တန်းဖွင့်လှစ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်
Apr 23,2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်သော အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြေသားပြုပြင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး၊ စတုတ္ထအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲနှင့် သံဃာ့ဒါန ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 23,2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မြေလွတ်မြေရိုင်း ဧက ၄၈၀ ပေါ်တွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း၊ ကွန်ပျူတာတက္ကသိုလ်မြေနေရာများအပါအဝင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ မြေနေရာများနှင့် ကျေးရွာကွက်သစ်မြေနေရာများကို ဖော်ထုတ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ဘိုကလေးမြို့နယ်တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Apr 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ လူစည်ကားရာနေရာများတွင် ယနေ့နံနက် (၈) နာရီ အချိန်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ အပူဒဏ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား ပြည်သူများသို့ ဖြန့်ဝေ အသိပညာပေးခဲ့ကြသည်။
ကျွန်းလှမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ
Apr 23,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးဘိုးဘွားများအား မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ အပတ်စဉ် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၌ နွေစပါး ၉၂၁၅ ဧက စိုက်ပျိုးပြီးစီး
Apr 23,2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ယခုနှစ် နွေစပါး ၉၂၁၅ ဧကစိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း ကန့်ဘလူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းမြို့ပေါ်ရှိ ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အဦများ၊ လူနေအိမ်တိုက်တာများ ပြိုကျပျက်စီးနေမှုများနှင့် ပြန်လည်ရှင်းလင်းဖယ်ရှားနေမှုများအား လိုက်လံကြည့်ရှု
Apr 23,2025
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ လေးကျွန်းမာရ်အောင် စေတီတော်မြတ်ကြီးသို့ ရောက်ရှိရာ ဓမ္မဒူတအရှင်ဆေကိန္ဒဆရာတော်ကြီးထံ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော်ကြီးနှင့်အတူ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  လေးကျွန်းမာရ်အောင်စေတီတော်ကြီးအား လိုက်လံကြည့်ရှုခဲ့ကြပြီး ပြိုကျပျက်စီးထိခိုက်ခဲ့သည့် စေတီတော်ကြီးအား အမြန်ရှင်းလင်းဖယ်ရှားရေးနှင့် ပြန်လည်မွန်းမံရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး
Apr 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပသည်။