မြို့သစ် ဇူလိုင် ၂၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊၊ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှုးကျင်းပသည့် တောင်သူနည်းပညာသင်တန်းကို မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသင်တန်းခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှုး ဦးငွေဆန်းမှ အဖွင့်အမှာစကားပြောကြားပြီးခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုး ဒေါ်ခင်မာအေးက တောင်သူနည်းပညာသင်တန်းဖွင့်လှစ်ဆောင်ရွက်ရခြင်းနှင့် တက်ရောက်လာသောတောင်သူများအား မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးအမိုင်နိုအက်ဆစ်သဘာ၀မြေသြဇာအားဆေးရည်များ ပေးအပ်ခဲ့သည်။
ဆက်လက်၍ မကွေးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးမှ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် အဓိကသီးနှံများ ပန်းတိုင်အထွက်တိုးနှုန်းရရှိရေးနှင့်ဆောင်ရွက်ရမည့်နည်းလမ်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ခရိုင်မြေ၊ မျိုး၊ ပိုးတာဝန်ခံများက သက်ဆိုင်ရာဘာသာရပ်များအလိုက် ဆွေးနွေးပို့ချပြီးနောက် တက်ရောက်လာသော တောင်သူများ၏ မေးမြန်းမှုများအပေါ် သိရှိနားလည်စေရန် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း ( ပြန်ဆက်)