သတင်းများ

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အမှတ် (၁) ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း
Apr 22,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက လိပ်သိုမြို့ အမှတ်(၁) ရပ်ကွက်သို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း ငလျင်‌ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
Apr 22,2025
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော သာသနိကအဆောက်အဦများနှင့်  အထူးကုဆေးရုံကြီးများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများ၊ အဆောက်အအုံများနှင့် ဈေးများအတွင်း ဖယ်ရှားရှင်းလင်းနေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
Apr 22,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများ၊ အဆောက်အအုံများနှင့် ဈေးများ ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒေးဒရဲမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Apr 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက  မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မအူပင်ခရိုင်အတွင်း မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Apr 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းလုပ်ငန်းများအား ယနေ့နံနက်(၉)နာရီက ညောင်ဝိုင်းကျေးရွာရှိ Wilke Myanmar အထည်ချုပ်စက်ရုံအတွင်း ဆောင်ရွက်သည်။
ကျုံပျော်တွင် တိုင်းရင်းဆေးဝါးဖြင့် အခမဲ့ ကွင်းဆင်း ကုသခြင်းများဆောင်ရွက်
Apr 22,2025
ပြည်သူများ အနာရောဂါကင်းရှင်း၍ ကျန်းမာရေး ပိုမိုကောင်းမွန်စေရန်၊ အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံ ဆေးခန်းသွားရောက်ပြသရန် ခက်ခဲသူများအတွက် အထောက်အကူဖြစ်စေရန်အတွက် တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ကွင်းဆင်းကုသခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပင်လုံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
ကြံခင်းမြို့နယ်ရုံးတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့်ပူးပေါင်း၍ “လူ့ဘဝမှာအရေးကြီးလှတဲ့ အကျင့်စာရိတ္တ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Apr 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအဖွဲ့ Book Club အဖွဲ့နှင့် ပူးပေါင်း၍ စာရေးဆရာ သုတေသီ ဘုန်းမြင့်သွေး ရေးသားသော “လူ့ဘဝမှာအရေးကြီးလှတဲ့ အကျင့်စာရိတ္တ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်သည်။
ကြံခင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာ ၁၁၇၂ ဦးအား စတင်ထုတ်ပေးလျက်ရှိ
Apr 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ၁၁၇၂ ဦးအား ပင်စင်လစာငွေများကို ယနေ့နံနက် (၆) နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိသည်။