ကလော ဇူလိုင် ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့၌ ဇူလိုင် ၂၆ ရက် ညပိုင်းမှစ၍ မိုးအဆက်မပြတ်ရွာသွန်းပြီး ဇူလိုင် ၂၈ ရက် နံနက်ပိုင်းမှ စတင်၍ လူနေအိမ်များနှင့် ဌာနဆိုင်ရာရုံးများသို့ ရေများဝင်ရောက်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ချောင်းရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်၍ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာနတို့ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေကြီးရေလျှံမှုကြောင့် ဇူလိုင်လ ၂၈ ရက်နေ့က ရေဝင်ရောက်၍ ယာယီပိတ်ထားရသည့် အ.ထ.က (၁)၊ အ.ထ.က(၂)နှင့် အ.မ.က(၇)စသည့် စာသင်ကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီးဖြစ်၍ ယနေ့တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)