သတင်းများ

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jul 29,2025
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာနကျောင်းများ၌ ယနေ့နံနက် ၆ နာရီအချိန်တွင် တစ်ပြိုင်နက်ထုတ်ပြန် ကြေညာ‌ပေးလျက်ရှိရာ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာပေး‌နေမှုအား ကျောင်းသား၊ ကျောင်းသူများ မိဘများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
သန်လျင်မြို့နယ် ဒါရ်ကာရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်
Jul 29,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာယမန်နေ့ ညနေပိုင်းက ဒါရ်ကာရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြသည်။
ခမောက်ကြီးမြို့၊ အ.ထ.က ခ‌မောက်ကြီးကျောင်းတွင် ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲ‌ဆောင်ရွက်ခြင်း၊ ကျောင်းကျန်းမာရေးစစ်ဆေးခြင်း၊ သံဓာတ်အားဆေး တိုက်ကျွေးခြင်းများ ဆောင်ရွက်
Jul 29,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကျေးလက်ကျန်းမာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများပူးပေါင်း၍ အ.ထ.က ခမောက်ကြီးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရည်သန့်ရှင်းမှုကျန်းမာရေးစစ်ဆေးခြင်းနှင့် သံဓာတ်အားဆေးတိုက်ကျွေးခြင်းကို ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့နယ်၊ တိုက်နယ်ခုနစ်ခု၌ မိုးသီးနှံစုံ(၂၆၂၇)ဧက စိုက်ပျိုးပြီးဖြစ်
Jul 29,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တိုက်နယ်(၁၂)ခုရှိပြီး ၂၀၂၅-၂၀၂၆ ခုနှစ် မိုးသီးနှံများ စိုက်ပျိုးလျက်ရှိရာ  တိုက်နယ်ခုနစ်ခု၌ ဇူလိုင်လလယ်ထိ မိုးသီးနှံစုံ(၂၆၂၇)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
မြစ်သားမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Jul 29,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရေးနှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းသွားလာမှု မရှိစေရေး အသိပညာ ပေးခြင်းနှင့် စစ်ဆေးဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့အဝင်၊ မြို့အထွက်၊ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်နှင့် မြို့နယ်အတွင်းရှိ လမ်းဆုံနေရာများ၌ ဆောင်ရွက်လျက်ရှိသည်။
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ငလျင်ဘေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် နည်းသရုပ်ပြ
Jul 29,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်း‌ဝေးရေးအ‌တွက် မြို့နယ်မီးသတ်ဦးစီးမှူးဦး‌ဆောင်၍ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ပန်းတောင်း)ကျောင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်  ၉ နာရီကအစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများကို မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေကျပ် (၂၆၇၄၅) သိန်း ထုတ်ချေးပြီးစီး
Jul 29,2025
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၅ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းရှိ တောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မေလ ၂၀ ရက်နေ့ကစပြီး မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးဆောင်ရွက်ပေးခဲ့ရာ ဇူလိုင် ၂၉ ရက်နေ့အထိ တောင်သူ ၃၆၂၄ ဦးအား မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေကျပ် ၂၆၇၄၅ သိန်း ထုတ်ချေးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
ပခုက္ကူမြို့နယ်တွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Jul 29,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)မြို့မစည်ပင်သာယာဈေးကြီးရှိ ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။