သတင်းများ

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၃၁)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Jul 29,2025
စစ်ကိုင်းပညာရေးတက္ကသိုလ်၌ (၃၁)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိဓမ္မာရုံ၌ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ပါမောက္ခဌာနမှူများ၊ အလှူရှင်များ တက်ရောက်ကြကြောင်း သိရသည်။
မှော်ဘီမြို့နယ်၌ ၂၀‌‌၂၄-၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေငြာ
Jul 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ၂၀၂၄-‌၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို စာစစ်ဌာန အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ စာစစ်ဌာနအမှတ် (၂) အခြေပညာအထက်တန်းကျောင်းနှင့် မြောင်းတကာ အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဇူလိုင် ၂၇ ရက်နေ့ နံနက်(၆)နာရီ၌ ထုတ်ပြန်ကြေညာသည်။
လိပ်သိုဒေသတွင် လက်ဖက်ပျိုးပင်များ ပျိုးထောင်ရောင်းချလျက်ရှိ
Jul 29,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့သည် တောင်ပေါ်ဒေသ ဖြစ်၍ ဒေသနေပြည်သူအများစုသည် တောင်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် လက်ဖက်ပင်များကို ပျိုးထောင်ကာ စီးပွားဖြစ် ရောင်းချသူများလည်းရှိကြောင်း သိရသည်။
ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရေငံသရက်ကုန်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရေငံသရက်ကုန်းကျောင်း၌ ကျောင်းကောင်းစီဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲကို ယမန်နေ့ည‌နေပိုင်းက ကျောင်းအားကစားဘောလုံးပြိုင်ပွဲကွင်းအတွင်း ကျင်းပပြုလုပ်သည်။
ဘိုကလေးမြို့နယ်တွင် လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ယနေ့နံနက် (၉) နာရီအချိန်၌ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။
အမျိုးသမီးများအား အကြမ်းဖက်မှု လူကုန်ကူးမှုသက်ငယ်မုဒိမ်းမှုများမှ ကာကွယ်စောင့်ရှောက်နိုင်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Jul 29,2025
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူပေါင်း၍ ယမန်နေ့‌မွန်းလွဲ ၁ နာရီကအမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမတွင် အမျိုးသမီးများအား အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ သက်ငယ်မုဒိမ်းမှုများမှ ကာကွယ်စောင့်ရှောက်နိုင်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။
လမ်းမတော်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်
Jul 29,2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းက စတင်၍ အခြေခံပညာကျောင်းများ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website မှတစ်ဆင့် ထုတ်ပြန်ကြေညာပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင် လမ်းမတော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(ဘဲဂရက်)၌ စာဖတ်ရှိန်မြင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်တိုးပွားစေ၍ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်နှင့်စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လည်ပိုင်းက  (ဘဲဂရက်)အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့သည်။