သတင်းများ

စဉ့်ကိုင်မြို့နယ်တွင် ဆီထွက်သီးနှံတိုးတက်စေရေး၊ စားသုံးဆီဖူလုံရေးနေကြာသီးနှံ (ဆင်းရွှေကြာ-၂) မျိုးကောင်းမျိုးသန့်များမျိုးမြှင့်တင်ရွေးချယ်       
Sep 21,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်၌ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းများရရှိစေရန် အထွက်နှုန်းကောင်းပြီး အရည်အသွေးကောင်းသည့် ဒေသနှင့် ကိုက်ညီသည့် နေကြာမျိုးကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်မိုးရာသီတွင် နေကြာသီးနှံ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးနေကြာ(၂၈၅၇)ဧက၊ဆောင်းနေကြာ(၁၂၁၃၅)ဧက၊ စုစုပေါင်း(၁၄၉၉၂)ဧက လျာထားစိုက်ပျိုးထားရှိပြီး   ယခုလတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဝန်းသိုကျေးရွာအုပ်စုမှ မိုးနေကြာစိုက်တောင်သူများ ပူးပေါင်း၍အဆိုပါကျေူးရွာ ရှိကွင်းအမှတ်၈၆(က) ဦးပိုင် (၅၃) တောင်သူဦးသိန်းထိုက်ကွင်းတွင် မိုးနေကြာ(၅)ဧက စိုက်ခင်း၌ မျိုးကောင်းမျိုးသန့်သန့်များ လုံလောက်စွာရရှိရန်အတွက် မျိုးမြှင့်တင်ရွေးချယ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်၌ ကျောင်းအခြေပြု သားအိမ်းခေါင်းကင်ဆာကာကွယ်ဆေးများ ထိုးနှံပေး
Sep 21,2023
ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၌ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သေးသော ကျောင်းသူများအား (HPV) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီခွဲက အလုံမြို့နယ်အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် အခြေခံပညာအဆင့်ကျောင်းပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Sep 21,2023
ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများသည် နိုင်ငံ၏တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်နှင့်အညီ ကျောင်းသား၊ ကျောင်းသူ/ လူငယ်လူရွယ်လေးများအနေဖြင့် တင်္ခနုပ္ပတ္တိဉာဏ်များ ဖွံ့ဖြိုးရှင်သန်စေရန်၊ နှုတ်မှုရေးရာစွမ်းဆောင်ရည်များ မြင့်မားလာစေရန်၊ ကောင်းသောယှဉ်ပြိုင်မှုမှတစ်ဆင့် မိမိ၏ရည်မှန်းချက် ပန်းတိုင်ရောက်ရှိအောင် ကြိုးပမ်းအားထုတ်တတ်စေရန်၊ အသိပညာဗဟုသုတတွေကို စဉ်ဆက်မပြတ်လေ့လာဆည်းပူးသည့် အလေ့အကျင့်များ ဖြစ်ပေါ်လာစေရန်နှင့် အနာဂတ်နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြမည့် စွမ်းရည်ထက်မြက်သည့်လူငယ်များ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အခြေခံပညာအဆင့်ကျောင်းပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (သုဝဏ္ဏ) ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးဦးနိုင်ငံရေးပါတီတာဝန်ခံများနှင့် တွေ့ဆုံ
Sep 21,2023
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးဦးသည် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က နိုင်ငံရေးပါတီတာဝန်ခံများနှင့် တွေ့ဆုံခဲ့သည်။
မချမ်းဘောမြို့နယ်တွင် ကတန်ရှဲ(ခေါ်)ကြိမ်ဖူးများ ခုတ်ယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Sep 21,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ဒေသခံပြည်သူများသည် မိမိတို့ဒေသ တောတောင်ယာများတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော ကြိမ်ပင်များမှ ရဝမ်ဘာသာစကားဖြင့် ကတန်ရှဲ (ခေါ်)ကြိမ်ဖူးများ ခုတ်ယူရောင်းချ၍ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
မြင်းမူမြို့၌ ထိုင်ဝမ်သကြားပြောင်း စိုက်ပျိုးလုပ်ကိုင်ရောင်းချခြင်းဖြင့် အမြတ်ငွေ ပိုမိုရရှိ
Sep 21,2023
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မိမိတို့၏ ရိုးရာတောင်သူလုပ်ငန်းအပြင် အခြားသီးပင်/စာပင်များကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ      ထိုင်ဝမ်ပြောင်းဖူးသည် ဝယ်လိုအားရှိပြီး ဈေးကွက်ရှိကြောင်း သိရှိရသည်။
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟားခါးမြို့ ဇေတဝန်ဘုန်းတော်ကြီးကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Sep 21,2023
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်ရှိ ဇေတဝန် ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက ချင်းပြည်နယ် ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။
မှော်ဘီမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်သောလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Sep 21,2023
ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားလာစေရေး၊ လမ်းပန်းဆက်သွယ်ရေးပိုမို ကောင်းမွန်လာစေရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများကြောင့် မိသားစုဝင်ငွေ တိုးပွားလာစေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာလ (၁၉) ရက်နေ့က သန္ဓေပင်ကျေးရွာအုပ်စု၊ ထိန်စွန်းကျေးရွာတွင် မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။