သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ပန်းခင်း(၂)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်
Sep 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပန်းခင်း(၂) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
မိုးနဲမြို့ အ.လ.က(ခွဲ) နောင်ကျော့ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Sep 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို နောင်ကျော့ရပ်ကွက် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စက်တင်ဘာလ ၁၉ ရက်နေ့နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ရွေ့လျားစာကြည့်တိုက်လုပ်ငန်းဖြင့် စာအုပ်များ ငှားရမ်းဆောင်ရွက်ပေး
Sep 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် စာဖတ်ပရိတ်သတ်များထံ စာအုပ်များ လွယ်ကူစွာ လေ့လာဖတ်ရှုနိုင်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ စာအုပ်/စာစောင်များ လေ့လာဖတ်ရှုနိုင်ရန်အတွက် ရွေ့လျားစာကြည့်တိုက်လုပ်ငန်းဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးသည်။
ရန်ကုန်တိုင်းဒေသကြီး (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
Sep 21,2023
၂၀၂၃ ခုနှစ်၊ ရန်ကုန်တိုင်း‌ဒေသကြီး (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် MCC ခန်းမ၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။
ပလောက်မြို့ ပြည်ခြားကျေးရွာအုပ်စု နန်းတောင်ကျေးရွာ မူလွန်ကျောင်း၌ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)  စတင်ထိုးနှံခြင်း ဆောင်ရွက်
Sep 21,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ တိုက်နယ်ပြည်သူ့ကျန်းမားရေးဌာနမှ ဝန်ထမ်းများသည် ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စု၊ နန်းတောင်ကျေးရွာ၊ မူလွန်ကျောင်းတွင် ပညာသင်ကြားနေသည့် အသက် (၉) နှစ် ပြည့်ပြီး (၁၂) နှစ် မကျော်သော ကျောင်းသူများအား ယနေ့နံနက်  ၉ နာရီ အချိန်က သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)  ကို ထိုးနှံပေးခဲ့သည်။
ကမမောင်းမြို့တွင် သပြေပန်းပင်များ စိုက်ပျိုးရောင်းချနေရသည့် မိသားစုအပိုဝင်ငွေ ရရှိ
Sep 21,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မိသားစုအပိုဝင်ငွေ ရရှိစေရေးအတွက် သပြေပန်းစိုက်ပျိုးရောင်းချခြင်းများ ဆောင်ရွက်လျက်ရှိရာ သပြေပန်းစိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိ​ရာ သပြေပန်းပင်သည် တစ်ကြိမ် စိုက်ပျိုးထားပါက စိုက်ပျိုးပြီး တစ်နှစ်သားအရွယ်တွင်  နေ့စဉ်ပန်း အညွှန့်ကိုင်းများအား ဖြတ်တောက်ပြီး ရောင်းချရသဖြင့် နေ့စဉ်ဝင်ငွေရရှိသော ပန်းပင်တစ်မျိုးဖြစ်ကာ ဘုရားပန်းတင်ရာတွင်လည်း တာရှည်အထားခံသောကြောင့် ဝယ်သူများ ကြိုက်နှစ်သက်ကြောင်း  ကမမောင်းမြို့ အထက်မီးဇိုင်းကျေးရွာမှ တစ်နိုင်တစ်ပိုင် သပြေပန်းပင်များ စိုက်ပျိုးထားသည့် ပန်းစိုက်တောင်သူထံမှ သိရသည်။
ချမ်းမြသာစည်မြို့နယ် အမှတ် (၃၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
Sep 21,2023
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ချမ်းမြသာစည်မြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟု သုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကိုယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၃၁) အခြေခံ ပညာအထက်တန်းကျောင်းရှိ အောင်‌မေတ္တာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သံတွဲမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ဆက်လက်ထိုးနှံပေး
Sep 21,2023
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ကမ္ဘာတစ်ဝှမ်းလုံး အမျိုးသမီးများ၌စတုတ္ထမြောက် အများဆုံးဖြစ်ပြီး အသက်ဆုံးရှုံးမှုအများဆုံးရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါကို ကာကွယ်နိုင်ရန်အတွက် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ထိုးနှံခြင်းကို ကျောင်းအခြေပြုအဖြစ် စက်တင်ဘာလ ၁၈ ရက်နေ့မှစတင်၍  သံတွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။