သတင်းများ

ထန်းတပင်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Sep 20,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ် ဝဲကလိအခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ
Sep 20,2023
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ဝဲကလိ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ဒေသအဆင့်ရုံးဆိုင်းဘုတ်တင်ပွဲနှင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်မှုများအား ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ ကွင်းဆင်းဆောင်ရွက်
Sep 20,2023
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာန၏ ဒေသအဆင့်ရုံး ဆိုင်းဘုတ်တင်အခမ်းအနားနှင့် နားလီဘိန်းအစားထိုးဖွံ့ဖြိုးရေးခြံတွင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအာ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ပျော်ဘွယ်မြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေး
Sep 20,2023
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် အမျိုးသမီးငယ်လေးများ သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ အသက် ၉ နှစ်မှ ၁၂ နှစ် အရွယ် ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)ကို မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများက ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် ပြည်သူ့သက်သာဈေးဆိုင်များဖွင့်လှစ်ပြီး ဆန်၊ ဆီ၊ ကြက်ဥ၊ ဝက်သား၊ အမဲသားများအား ဈေးနှုန်းသက်သာသောစွာဖြင့်ရောင်းချပေး
Sep 20,2023
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့တို့၏ လမ်းညွှန်မှုနှင့် ကျောက်ဆည်ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ကြီးကြပ်၍ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် အေးမြကြည်လင်ဈေးတွင် ယနေ့နံနက် (၇)နာရီက ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ဆန်၊ စားအုန်းဆီ၊ အမဲသား၊ ဝက်သား၊ ကြက်ဥ စသည့်ကုန်ပစ္စည်း(၅)မျိုးအား ပြည်သူ့သက်သာဈေးဆိုင်များဖွင့်လှစ်ပြီး ရောင်းချပေးခဲ့ကြောင်း သိရသည်။
မော်လိုက်မြို့၌ ကလေးသူငယ်အခွင့်အရေးနှင့် ပတ်သက်၍ ကလေးများအား အသိပညာပေးသင်တန်းဖွင့်လှစ်
Sep 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကလေးသူငယ်အခွင့်အရေးနှင့် ပတ်သက်၍ ကလေးများအား အသိပညာပေး သင်တန်းကို ယနေ့ နံနက် (၉)နာရီအချိန်က အခြေခံပညာအထက်တန်း ကျောင်းစုံညီ ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
မိုင်းရှူးမြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Sep 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယ‌နေ့နံနက်(၇)နာရီခွဲအချိန်က အမှတ်(၂)ရပ်ကွက်၊ အောင်ရတနာဓမ္မရိပ်သာကျောင်းတိုက်အတွင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
တပ်နယ်(လင်းခေး)က ဒေသနေပြည်သူများ သက်သာချောင်ချိရေးအတွက် စားအုန်းဆီ၊ အသား၊ ငါးနှင့်ဟင်းသီးဟင်းရွက်များ စျေးနှုန်းသက်သာစွာ ရောင်းချပေး
Sep 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)လင်း ခေးခရိုင်၊လင်းခေးမြို့ရှိ အများပြည်သူတို့ သက်သာချောင်ချိရေးအတွက် ရည်ရွယ်လျက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊တပ်နယ်(လင်းခေး)က စားအုန်းဆီနှင့် ခြံထွက်အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များစျေးနှုန်းသက်သာစွာဖြင့် ယနေ့နံနက် ၇ နာရီက လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်းပုရိဝုဏ်၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။