သတင်းများ

နမ္မတူမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်များ ရေနစ်မြုပ်မှုဖြစ်ပွား
Oct 13,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အောက်တိုဘာလ (၁၂) ရက်နေ့ည (၁၂) နာရီခွဲအချိန်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နံနက် (၈)နာရီ (၄၀) မိနစ်မှ စတင်၍ နမ္မတူချောင်း ရေမြင့်တက်လာခဲ့ပြီး မြစ်ရေပိတ်ဆို့မှု့ကြောင့် နမ္မလချောင်းအနီးရှိ ပန်ဟိုက်ရပ်ကွက် နယ်မြေ (၄၊ ၅၊ ၁၀) ရှိ လူနေအိမ် (၁၄)လုံးနှင့် ဆိုက်ခေါင်ကျေးရွာအုပ်စုမှ လူနေအိမ် (၄)လုံး၊ စုစုပေါင်း လူနေအိမ် (၁၈)လုံး ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်
Oct 13,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် အောက်တိုဘာ ၁၂ရက်နေ့ ညပိုင်းမှ စတင်ရွာသည့် မိုးရွာသွန်းမှု ကြောင့် ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရေမြောင်းများတွင် ရေကြီးရေလျှံ၍ လူနေရပ်ကွက်များနှင့် မြို့ပေါ်ဌာနဆိုင်ရာရုံးအချို့တွင် ရေများဝင်ရောက်လျက်ရှိကြောင်းသိရသည်။
ကျောင်းကုန်းမြို့၌ စာဖတ်ရှိန်မြင့်မားစေရေး စာဖတ်ဝိုင်းကျင်းပ
Oct 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန် မြင့်မားစေရေးအတွက် ယနေ့ နံနက် ၁ဝ နာရီခွဲအချိန်ခန့်က စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
မုံရွာမြို့နယ်တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်
Oct 13,2023
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အ‌ကြောင်းအရာ သန်းခေါင်စာရင်းများ ကောက်ယူနိုင်ရေးအတွက် အထောက်အကူပြုစေရန် စမ်းသပ်သန်းခေါင်စာရင်းများကို မြို့ပေါင်း ၂၀ တွင် ကောက်ယူလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ယမန်နေ့နံနက် ၈ နာရီ အချိန်က စမ်းသပ်သန်းခေါင်စာရင်းများ ကောက်ယူရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ (၂၂)ကြိမ်မြောက် အသံမစဲမဟာမြတ်ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနား ကျင်းပ
Oct 13,2023
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၌ (၂၂)ကြိမ်မြောက် ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ဘုရားကြီးကုန်းတော်ပေါ်၌ ကျင်းပရာ အခမ်းအနားသို့ နမ့်ဆန်မြို့နယ်အတွင်း ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော် (၁၀)ပါးနှင့် သီလရှင်ဆရာကြီး/ဆရာလေး (၅၀)ပါး၊  ဒေသစီမံအုပ်ချုပ်ရေးဥက္ကဌ တားသိန်းဇော်၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ ၊ မြို့မိမြို့ဖများနှင့် စေတနာရှင်/ အလှူရှင်များ၊ မိဘပြည်သူများ တက်ရောက်ကြသည်။
ဆောင်းသီးနှံချေးငွေများ ထုတ်ချေးပေးနိုင်စေရေးနှင့် ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး နည်းပညာပေးဆွေးနွေး
Oct 13,2023
တောင်သူများအကျိုးစီးပွားဖြစ်ထွန်းနိုင်စေရေး ဒေသအတွင်း စားသုံးဆီဖူလုံနိုင်စေရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည်ရန်ပုံငွေ အစီအစဉ်ဖြင့် ဆောင်းသီးနှံစိုက်ပျိုးလုပ်ကိုင်မည့် တောင်သူများအား နိုင်ငံ့စီးပွားချေးငွေများ အား ထုတ်ချေးပေးလျက်ရှိရာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုကျေးရွာများမှ ဆောင်းသီးနှံစိုက်ပျိုးမည့်တောင်သူများအချိန် မီစိုက်ပျိုးနိုင်စေရေးအတွက် ချေးငွေများအားထုတ်ချေးပေးနိုင်ရန်အတွက် ယမန်နေ့ နေ့လယ် ၁နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန သင်တန်းခန်းမ၌ ဦးစီးဌာနတာဝန်ရှိသူများနှင့် တောင်သူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ကမ္ဘာ့စားနပ်ရိက္ခာနေ့အထိမ်းအမှတ်” ကာယ၊ ဉာဏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေး ပြိုင်ပွဲများပြုလုပ်
Oct 13,2023
၂၀၂၃ ခုနှစ်၊အောက်တိုဘာလ  ၁၆ ရက်နေ့တွင်ကျရောက်မည့် “ကမ္ဘာ့စားနပ်ရိက္ခာနေ့အထိမ်းအမှတ်”အဖြစ် ကလေးငယ်များ၊ ကျောင်း သား/ကျောင်းသူများအား ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာကြည့်တိုက်သို့လာရောက်သည့် အလေ့အကျင့်ရှိစေရန်ရည်ရွယ်၍ စွမ်းရည်ပြိုင်ပွဲများကို လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ညနေ ၃  နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်တွင် ဘောလုံးပြိုင်ပွဲ ကျင်းပ
Oct 13,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်၊ လူငယ်အားကစားသမား ရွက်ပုန်းသီးများ ပေါ်ထွန်းလာစေရေးအတွက် အနော်ရထာရပ်ကွက်၊ ရွှေသင်္ခါ ပညာရေးဖောင်ဒေးရှင်က ဦးဆောင် ကျင်းပသည့် ဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက အဆိုပါ ရပ်ကွက်ဘောလုံးကွင်းတွင် ကျင်းပသည်။